မန္တလေးမြို့မှာ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ချီတက်ဆန္ဒပြတဲ့ အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက လာရောက်ဖြိုခွင်းခဲ့ပါတယ်။
ဒီလို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဖမ်းဆီးခံရသူတွေရှိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်အဖွဲ့တွေ ပိုက်စိတ်တိုက် ရှာနေတာတွေရှိတဲ့အတွက် ပိတ်မိသူတွေရှိတယ်လို့ စစ်ကြောင်းမှာ ပါသူတဦးက ပြောပါတယ်။
အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းများ၊ အောင်မြေသာစံ အခြေခံကျောင်းသားများ သမဂ္ဂ(ဗကသ အဖွဲ့ချုပ်)ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။