Home
မြန်မာသတင်း
မူဆယ်တွင် ဆန္ဒပြ လူငယ် ၁ ဦး ဖမ်းဆီးခံရ
DVB
·
April 18, 2021
175578816_415251486189517_3230760115646262454_n

မူဆယ်မြို့ ဆန္ဒပြပွဲမှာ တက်ကြွစွာပါဝင်တဲ့ အမျိုးသမီး လူငယ် ၁ ဦး ဧပြီလ ၁၇ ရက်နေ့က မတရား ဖမ်းဆီးခံရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လူတစ်စုက ကား ၅ စီးနဲ့ မူဆယ် မေဦး လက်ဖက်ရည်ဆိုင်မှာ မတရားလာရောက် ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူရဲ့ မိခင်က စကားပြောခွင့်ရဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် "ခင်များ ဒီလောက် ရစ်ရင် ခင်များကိုပါ ဆွဲစိလို့ရတယ်။ CCTV တပ်ထားတယ်။ CCTV ရှေ့မှာ ခင်များဘာလုပ်ချင်တာလဲ။ ခင်များကို တခါတည်း ဖမ်းချုပ်လိုက်မယ်” လို့ ရဲစခန်း ဂိတ်ပေါက်မှာ တာဝန်ကျ ရဲ ၁ ဦး ​ခြိမ်းခြောက် ငေါက်ငန်း ပြောဆိုခဲ့တယ်လို့ မျက်မြင်က ပြောပါတယ်။

ရဲစခန်းကတော့ ဖမ်းဆီးခံရသူကို သပိတ်ခေါင်းဆောင်လို့ စွပ်စွဲပြောဆိုထားကာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရပြီး ၁၀ ယောက်ကျော် ပြန်လွှတ်ပေးကာ တချို့ကို ပုဒ်မ ၂၅၊ ၅၀၅၊ ၅၀၅ (က)  စတာတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024