Home
မြန်မာသတင်း
မွန်ပြည်နယ်၌ မူးယစ်မှုဖြင့်ထောင်ကျသူ အများစုအပါအဝင် အကျဉ်းသား ၂၄၀၀ ကျော် ပြန်လွတ်
DVB
·
April 17, 2021
175199493_1582973082033621_8702476418105696326_n
174094646_1582972875366975_1559306121329158194_n
173786808_1582972978700298_7437849581773122328_n
173774228_1582972952033634_953698668726669809_n
173387897_1582972928700303_137296945295528390_n
173224688_1582972898700306_8566714705623827696_n
173173272_1582972778700318_648855876120281994_n
173166636_1582972808700315_8776077969531055561_n
172511515_1582973008700295_8511761881110096341_n
172237999_1582973042033625_8267439578657574228_n
171806471_1582972845366978_1551597759442728099_n

မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်း အသီးသီးက အကျဉ်းသား ၂၄၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီကနေ့ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေအထဲမှာ မော်လမြိုင်အချုပ်ထောင်က ၅၂၀ ကျော်၊ သထုံထောင်က ၁၀၀ ကျော်၊ ကျိုက်ထိုအလုပ်စခန်းက ၅၄၀ ကျော်၊ ကျိုက်မရောထောင်က ၇၀၀ နီးပါး၊ ဇင်းကျိုက်အလုပ်စခန်းက ၁၉၀ ကျော်၊ ရင်ငြိမ်းကုန်ထုတ်စခန်းက ၁၆၀ နီးပါး၊ အင်းဗြောင်အလုပ်စခန်း ၁၈၀ ကျော် ၊ စုစုပေါင်း ၂၄၀၀ ကျော်ပါဝင်ပါတယ်။

လွတ်မြောက်လာတဲ့  အကျဉ်းသား အများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းချခံထားရသူ အများဆုံး ပါဝင်လာပါတယ်။

ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ  အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေ အသီးသီးကနေ အကျဉ်းသား၊ အကျဉ်းသူပေါင်း နှစ်သောင်းကျော်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024