ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား- ဆွမ်ပရာဘွမ် လမ်းမအတိုင်းဆင်းလာတဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးကျဆုံးပြီး အများပြား ဒဏ်ရာရရှိသွားတယ်လို့ ကေအိုင်အေအရာရှိတဦးက ပြောပါတယ်။
ဧပြီ ၁၆ ရက်နေ့ည ၇ နာရီအချိန်၀န်းကျင်မှာ ဆွမ်ပရာဘွမ်ဘက်က ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ လောက်အား ဝိုင်ရှီနဲ့ ဖုန်အုန်းကြားမှာ ကေအိုင်အေတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ် နေရာအနှံ့ပြားမှာ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ကေအိုင်အေဘက်က တပ်စခန်း အများပြား သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။