Home
မြန်မာသတင်း
ပူတာအိုတက်ကြွလူငယ် အယောက် ၄ဝ အား ဖမ်း၀ရမ်းထုတ်
DVB
·
April 16, 2021
173925093_105343865018393_1780656647520215949_n

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက စစ်အာဏာရှင် ကျဆုံးရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းက လူငယ်အယောက် ၄၀ ဖမ်း၀ရမ်းထုတ်ခံရတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၅ ရက်နေ့က ပူတာအိုအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၊  ပြည်သူ့စစ်အဖွဲ့နဲ့ ဒေသခံလူကြီးတစ်ချို့က ပူတာအိုသပိတ်စစ်ကြောင်းက တက်ကြွလူငယ်များ အယောက် ၄၀ အား ဖမ်းဆီးဖို့ ဖမ်း၀ရမ်းထုတ်ခဲ့တာလို့ ဆိုပါတယ်။

ပူတာအိုမှာ ဝိုင်ဖိုင်လိုင်းနဲ့ PSI စလောင်းတွေ အကုန်ဖျက်သိမ်းပြီး သတင်းအမှောင်ချကာ တက်ကြွလူငယ်တွေအား မတရာဖမ်းဆီးဖို့ ကြံစည်ခဲ့တာဖြစ်ပြီး ဖမ်း၀ရမ်းထုတ်ခံရတဲ့ လူငယ်တချို့ အချိန်မီတိမ်းရှောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပူတာအိုသပိတ်စစ်ကြောင်းက မတရားဖမ်းဆီးခံရသူ ၆ ယောက်အနက် ဖမ်းဆီးထိန်းသိမ်းခံရသူ ကိုဆိုင်းလင်းအောင်က ဒီနေ့ချိန်ထိ ပြန်မလွတ်လာသေးကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024