မန္တလေးတွင် ဗလီဝင်းထဲကို အကြမ်းဖက်အဖွဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး
DVB
·
April 15, 2021
မန္တလေးမြို့ ၇၄လမ်း၊ ၃၇လမ်းနဲ့ ၃၈ လမ်းကြားရှိ ဆူးလေဗလီဝင်းအတွင်း ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဗလီဝင်းထဲနေထိုင်သူ တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ကျန်းမာရေး သပိတ်စစ်ကြောင်းကို ဖြိုခွင်းရင်း ရောက်ရှိလာကာ ဗလီဝင်းထဲပစ်တာလို့ ရပ်ကွက်နေပြည်သူတွေ က ဆိုကြပါတယ်။
အဲ့ဒီလိုပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။