ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ မြန်မာဘာသာပြန် ၁ ဦးထံမှ စိတ်ကြွ မူးယစ်ဆေးများဖမ်းမိ
DVB
·
April 13, 2021
မြန်မာနယ်စပ် တာချီလိတ်တဘက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ မြန်မာ ဘာသာပြန်တစ်ဦးဆီကနေ စိတ်ကြွ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းဘက်က ကွင်းဆက်တရားခံရဲ့ ဖော်ထုတ်ချက်အရ အသွင်ယူပြီးထိုင်းရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက စိတ်ကြွဆေးပြား အလုံး ၆၀၀၀၀ နဲ့ ခေး(ကတ်တမင်း) ၆၅ ကီလို ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့သူဟာ ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ မြန်မာ ဘာသာပြန်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။