မြစ်ကြီးနား Mytel ရုံး ဗုံးပစ်ခံရ
DVB
·
April 12, 2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ စစ်တပ်ပိုင် Mytel ရုံးကို ယနေ့ည ၈နာရီခွဲလောက်က ဗုံးနဲ့အပစ်ခံရတယ်လို့ တပ်ကုန်းရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ အိမ်နားမှာတင် ပေါက်ကွဲသွားတယ် ဘာဗုံးလည်းတော့ သေချာမသိဘူး အရမ်းကြောက်လို့ မထွက်ကြည့်ရသေးဘူးလို့ "Mytelရုံးနားက ဒေသခံတစ်ဦးက ဆိုပါတယ်။
ဗုံးကွဲမှုကြောင့်ထိခိုက်ပျက်စီးမှု အခြေအနေတော့ လတ်တလော မသိရသေးပါဘူး။ မြစ်ကြီးနားမြို့မှာ ညတိုင်းလိုလို ဗုံးသံတွေကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။