နောင်မွန်ရဲကင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဧပြီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက လားရှိုး ဘာသာပေါင်းစုံ သုဿာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။
လားရှိုးမြို့နယ် ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းမဘေးရှိ နောင်မွန် ရဲကင်းကို ဧပြီ ၁၀ ရက်နေ့ မနက် အစောပိုင်းက ညီနောင်မဟာမိတ် တပ်ဖွဲ့ဖြစ်တဲ့ TNLA, MNDAA နဲ့ AA တို့ ပူးပေါင်းဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ရဲကင်းစခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အောက်ခြေနဲ့ အဆက်အသွယ်မရသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၇ ဦး၊ ပျောက်ဆုံးသူ ၂ ဦးရှိတယ်လို့ လူမှုကူညီရေး အသင်းဆီက သိရပါတယ်။