စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဧပြီ ၁၁ ရက် နေ့လယ် ၁ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျဆုံးခဲ့ပါတယ်။
ကျဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦးဖြစ်ပြီး နန်းဖာလုံရပ်ကွက်မှာ နေထိုင်သူလို့ သိရပါတယ်။
ကိုထွန်းထွန်းဦးဟာ အာရှလမ်းမ၊ ခြင်္သေ့ ၄ ကောင်အနီး ဆိုင်ကယ်မောင်းနေတဲ့အချိန် အလောင်းဘုရားလမ်းပေါ်ရှိ ခရိုင်ရဲစခန်းရုံးကနေ သေနတ်နဲ့ လှမ်းပစ်ခဲ့ရာ အာရှလမ်း၊ ဆွမ်းလောင်းဓမ္မာရုံအနီးမှာ ကျဆုံးခဲ့တာလို့ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။
တမူးမြို့မှာ ဧပြီ ၁၀ ရက်နေ့ ညကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက သေနတ်တွေနဲ့ ပစ်တာနဲ့ မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။