မြန်အောင်မြို့က ရေတိုက်စားခံရသည့်တာတမံ အချိန်မီ ပြင်ဆင်ရန်လိုအပ်နေ
DVB
·
April 10, 2021
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ အမှတ် ၁ ရပ်ကွက်ရှိ မကျည်းစုတမံဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက မြစ်ရေတိုက်စားပြီး ကမ်းပြိုတာနေပေမဲ့ အခုထိ ပြန်လည်ပြုပြင်တာတွေ မလုပ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မကျည်းစုတမံဟာ ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် ပေ ၅၀၀ကျော် ကမ်းပြိုခဲ့တာပါ။ ကမ်းပြိုရေကာတာကို ဒီနှစ်ထဲ ပြန်မပြင်ရင် အခုနှစ်မိုးရာသီမှာ နောက်ထပ်ကမ်းပြိုနိုင်ပြီး ကျေးရွာတွေထဲ ရေလွှမ်းမိုးမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။