Home
မြန်မာသတင်း
ဗန်းမော်တွင် ကျည်ထိမှန် ဖမ်းဆီးခံထားရသူ၏ ကျန်းမာရေးအခြေအနေ မိသားစုစိုးရိမ်
DVB
·
April 8, 2021
170259114_1208928929562834_556906277958146654_n

မတ်လ ၂၇ ရက်နေ့က ဗန်းမော်မြို့ရှိ ခွန်သာကမ်းနား သဲသောင်ပြင်မှာ အကြမ်းဖက်  စစ်ကောင်စီဝင်တွေရဲ့ ပစ်ခတ်ခံရမှုကြောင့် ပေါင်မှာ ဒဏ်ရာရရှိပြီး ဖမ်းဆီးခံခဲ့ရသူရဲ့ ကျန်းမာရေးအခြေအနေ မသိရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ 

ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ်ရှိ ဒဏ်ရာရ ဦးစုပြည့်ချမ်းအား ဖမ်းဆီးသွားတာ ဧပြီ ၈ ရက်နေ့အထိဆို ၁၂ ရက် ရှိသွားခဲ့ပြီဖြစ်ပြီး ဇနီးဖြစ်သူနှင့်တကြိမ်သာ တွေ့ခွင့်ပေးခဲ့ကာ ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိရသလို ကျန်းမာရေးအခြေအနေလည်း မသိရဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

ဒါ့အပြင်  ရုံးထုတ်အမှုဖွင့် စစ်ဆေးမယ်ဆိုပေမယ် ဘယ်လိုပုဒ်မမျိုးနဲ့ စွဲဆိုထားမှန်းလည်း မသိရသေးတာကြောင့် တတ်နိုင်တဲ့သူတွေ အကူအညီပေးကြဖို့ တောင်းဆိုတယ်လို့ သားဖြစ်သူက ပြောပါတယ်။

ဦးစိုးပြည့်ချမ်းနဲ့အတူ မျိုးမင်းသန်းဆိုတဲ့ လူငယ်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်မှာ စစ်အာဏာရှင်တော်လှန်ရင်း ကျဆုံးခဲ့သူ ၃ ဦးရှိခဲ့ပြီး ဖမ်းဆီးခံရသူ အရေအတွက် ၃၀ ထက်မနည်းရှိနိုင်ပြီး အများစုက မိသားစုဝင်တွေနဲ့ တွေခွင့်မရကြဘူးလို့  ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024