ကလေးမြို့၌ စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် မောင်အာကာသူအောင်၏ ဈာပန ကျင်းပ
DVB
·
April 8, 2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်က တာဟန်းခံတပ်ဖြိုခွင်းစဉ် အသက်ပေးခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် မောင်အာကာသူအောင်ရဲ့ ဈာပနကို ဧပြီလ ၈ ရက်မှာ ကျင်းပပါတယ်။
ကံပုလဲသုဿန်မှာ ဒီနေ့မနက် ၁၁ နာရီမှာပြုလုပ်တဲ့ ဈာပနကို ကလေးမြို့နယ် ပြည်သူလူထု သောင်းချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
ကလေးမြို့မှာ အကြမ်းစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၂ ဦး အထိရှိပြီး ဖမ်းဆီးခံရသူ ၁၈ ဦးရှိတယ်လို့ သိရပါတယ်။