Home
အနုပညာ
ဝါရင့်အဆိုတော် တူးတူး၊ နာမည်ကြီးမော်ဒယ် ပိုင်တံခွန်အပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်
DVB
·
April 7, 2021
ttw
ptk2
ptk2

ဝါရင့်အဆိုတော် တူးတူး၊ နာမည်ကြီးမော်ဒယ် ပိုင်တံခွန်တို့အပါအဝင် ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဧပြီ ၇ ရက်ညမှာ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ တူးတူး(ခ) မင်းကျော်သူ ၊ ထက်ရှိုင်းအောင်၊ နီနီမိုး၊ သွန်းနေစိုး၊ စုစုလှိုင်၊ စောချမ်းအေး (သော်ဇင်ဝင်း) ၊ ဇော်လင်း၊ သာနိုးဝေ၊ ရဲဝင့်သူ၊ အာကာဟိန်း၊ ပိုင်တံခွန်(ခ) စစ်ကိုပိုင်၊ လှိုင်မင်းဦး၊ စည်သူအောင်၊ ခင်စန်းရွှေ၊ ဖြိုးသိင်္ဂီကျော်၊ အေးမင်းခန့်ထွန်း၊ ရဲလင်းဗိုလ်၊ သုတကျော်၊တင်မာအေး၊ အောင်အောင်ဦးတို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ Beauty Blogger မဝင်းမင်းသန်းကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မနေ့က ဖမ်းဆီးခဲ့ပါတယ်။

Photo- Credit

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013