စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ ဒီကနေ့ ဧပြီ ၇ ရက် ညနေ ၃ နာရီက ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျဆုံးပြီး အနည်းဆုံး ၁၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
“အခုက ရေဦးဘက်ကို ရဲကား ၃ စီးလာတယ်။ သပိတ်ဖြိုခွင်းမယ်ဆိုပြီး တန့်ဆည်မြို့ရောက်လာတယ်။ ပြည်သူတွေခံ တိုက်တယ်။ ပြည်သူ့ ၁ ဦးကျဆုံးပြီး ၁၁ ဦးထိ ဒဏ်ရာရတယ်” လို့ တန့်ဆည်ဒေသခံတစ်ဦးက ပြောပါတယ်။
တန့်ဆည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို နေ့စဉ် ငြိမ်းချမ်းစွာပြုလုပ်နေကြတာဖြစ်ပြီး ဒီနေ့မနက်မှာလည်း ဒေသခံတွေနဲ့ မြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူလူထု သောင်းချီပါဝင် ဆန္ဒပြခဲ့ကြပါတယ်။