Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ရဲနှင့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၈ ဦးထိ ရှိလာ
DVB
·
April 6, 2021
170026886_1574267336237529_5349926564695903377_n

မွန်ပြည်နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီ ၆ ရက်အထိ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတဲ့ ပြည်သူ ၈ ဦးအထိ ရှိလာပါတယ်။

ကျဆုံးသူ ၈ ဦးအထဲမှာ  ၄ ဦးဟာ သေနတ်ကျည်ဆန် ဦးခေါင်းထိမှန် သေဆုံးခဲ့တာ ဖြစ်ပြီး ကျန် ၄ ဦးကတော့ ရင်ဘတ်နဲ့ လည်ပင်းထိမှန် သေဆုံးခဲ့တာပါ။

ထူးခြားမှုအနေနဲ့ သေဆုံးသူ ၈ ဦးမှာ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ပါဝင်ပြီး ကျန် ၇ ဦးကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။

မြို့နယ်အလိုက် ကျဆုံးမှုမှာတော့ မော်လမြိုင်မြို့နယ်က  ၅ ဦး ၊ သထုံ၊ ပေါင်နဲ့ ကျိုက်ထိုမြို့နယ် ၁ ဦးစီ ၊ စုစုပေါင်း ၈ ဦးကျဆုံးထားတာ ဖြစ်ပါတယ်။

ကျဆုံးသူ ၈ ဦးမှာတော့ အသက်အကြီးဆုံးအဖြစ် ၅၆ နှစ်အရွယ် အမျိုးသား တစ်ဦးသာ ပါဝင်ပြီး ကျန် ၇ ဦးကတော့ လူငယ်တွေပဲ ဖြစ်နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024