ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဧပြီ ၅ ရက် ညနေက လူငယ်တွေစုပေါင်းပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေ စျေးရောင်းပွဲတော်ကို မြို့နယ်လျှပ်စစ်ရုံး အရှေ့လမ်းဆုံမှာ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါအစီအစဉ်မှာပါဝင်တဲ့လူငယ်တစ်ဦးက "သူငယ်ချင်းတွေ ပိုက်ဆံစုပေါင်းထည့်ဝင်ပြီး စျေးရောင်းပွဲလေးလုပ်မယ်။ ရလာတဲ့ငွေတွေကို ထပ်ဝယ်စရာ အရင်းလောက်ပဲချန်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းသွားမှာပါ ဒီနေ့အခြေအနေအပေါ်မူတည်ပြီး နောက်ရက်တွေမှာ ဒီနေ့ထက် ပိုကောင်းအောင်စီစဉ်သွားမှာပါ ပြည်သူအများ တောထဲတောင်ထဲမှာ စစ်ဘေးရှောင်ပြီးဒုက္ခရောက်နေချိန်မှာ ကျမတို့ အနေနဲ့အိမ်မှာ ဇိမ်နဲ့အိပ်နေရမှာ လိပ်ပြာမလုံဘူးရှင့် ကျမတို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေမှာပါ"လို့ ပြောပါတယ်။
စျေးရောင်းပွဲမှ စားစရာမုန့်တွေကို အဓိကထားရောင်းချခဲ့တာဖြစ်ပြီး နောက်ရက်တွေမှာ ရွေ့လျား အစီအစဉ်နဲ့ပြုလုပ်သွားမှာဖြစ်လို့သိရကာ ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးသင့်ပြည်သူတွေအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။