လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် အလု ပ်သမားတွေ အများအပြားဝင်ရောက်လာနိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်လည်း စိုးရိမ်မကင်းဖြစ်တာကြောင့် ကြပ်မတ်စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ဧပြီလ ၄ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
လူမှောင်ကယ်ရီသမားတွေ၊ ပွဲစားတွေဟာ ဒါကိုအခွင့်ကောင်းယူပြီး တရားမဝင်သူတွေ တင်သွင်းတတ်တာမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ နေရာအသီးသီးမှာ ကွင်းဆင်းစစ်ဆေး စောင့်ကြပ်ဖို့ ညွှန်ကြားထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ်ချုမ်းကလင်က ပြော ပါတယ်။
ထိုင်းအလုပ်သမားဒုဝန်ကြီးကလည်း အထက်ကညွှန်ကြားစာလက်ခံရရှိပြီးတာနဲ့ ထိုင်းတ နိုင်ငံလုံးက တရားမဝင်အလုပ်သမားတွေစစ်ဆေးအရေးယူဖို့၊ အထူးသဖြင့် နယ်စပ်ခရိုင်တွေမှာ ပိုမိုကြပ်မတ်ပြီး တရားမဝင်အလုပ်သမား ငှားရမ်းခန့်ထားသူတွေ ၊ လူပွဲစားတွေကို အထူးသတိပေး လိုကြောင်း၊ အဆိုပါအလုပ်ရှင်ဟာ တရားမဝင်အလုပ်သမားငှားရမ်းခြင်း သို့မဟုတ် အလုပ်သမားကို လုပ်ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားထက် ပိုပြီးလုပ်ခွင့်ပြတာတွေ တွေ့ရင် အလုပ်သမား တစ်ဦးအတွက် အလုပ်ရှင်မှ ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိ လည်းကောင်း ၊ ပြစ်ဒဏ်ကို ထပ်ခါထပ်ခါကျူးလွန်ရင် ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ကျခံရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးလျှင် ၃ နှစ်ဆက်တိုက်ထက် ပိုမိုခန့်ထားခွင့်မ ရှိကြောင်း ၊ ရွှေ့ပြောင်းအလုပ်သမားအနေနဲ့လည်း အလုပ်သမားမှတ်ပုံတင်မရှိဘဲ အလုပ်လုပ်ရင် ဒါမှမဟုတ် လုပ်ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားထက် ကျော်လွန်လုပ်ကိုင်ရင် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ ကျခံရမယ်လို့ အလုပ်သမား ဒုဝန်ကြီးက ပြောပါတယ်။ ကိုးကား - https://www.nationtv.tv/main/content/378820165