မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ဧပြီလ ၅ ရက်နေ့ ၁၀ နာရီကျော် အချိန်က အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ပြည်သူတွေ လုပ်ထားတဲ့ အကာအကွယ် အတားအဆီးတွေကို ဖျက်ဆီးသွားခဲ့ကြပါတယ်။
စိန်ပန်းရပ် ၄၁ လမ်းနဲ့ ၉၁ လမ်းဆုံက ရပ်ကွက်ထိပ်မှာ ကာထားတဲ့ သံတံခါးကြီးကိုလည်း ဘူဒိုဇာနဲ့ ထိုးကာ ဖျက်ဆီးသွားပြီး ပြည်သူတွေရဲ့ ဆိုက်ကယ်တွေကိုလည်း ယူသွားတယ်လို့ စိန်ပန်းရပ်နေပြည်သူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ သံလျက်မော် အနောက်ရပ်ကွက်တွေထဲ ဝင်ရောက်ဖျက်ဆီးတာတွေရှိတယ်လို့ သိရပါတယ်။