Home
အနုပညာ
အကြမ်းဖက်အဖွဲ့လက်အောက်တွင် သင်္ကြန်မလုပ်ရန် မော်လမြိုင်လူငယ်များ တောင်းဆို
DVB
·
April 5, 2021
168600676_1573347372996192_6215041455024675789_n

မကြာမီကျရောက်တော့မယ့် သင်္ကြန်ပွဲတော်မှာ မြို့နေပြည်သူတွေအနေနဲ့ ပါဝင် ပျော်ရွှင်တာတွေ မလုပ်ကြဖို့ မော်လမြိုင်လူငယ်တွေက ဧပြီ ၅ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ဆန္ဒပြပြည်သူတွေကို သင်္ကြန်ပွဲတော်ပြုလုပ်ပြီး အာရုံလွှဲဖို့ ကြိုးစားနေတယ်လို့ လူငယ်တွေ ဆိုထားပါတယ်။

သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲတာဟာ ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ ကျဆုံးသွားတဲ့ ပြည်သူတွေကို မလေးစားရာ ရောက်နိုင်တယ်လို့ လူငယ်တွေ ဆိုပါတယ်။

ဒါကြောင့် သင်္ကြန်ပွဲတော်မှာ ပါဝင်ပျော်ရွှင်ခြင်း မပြုဘဲ စစ်အာဏာရှင်ကျဆုံးတဲ့အထိ ဆက်လက်တော်လှန်သွားဖို့ မော်လမြိုင်လူငယ်တွေက တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ မြန်မာနှစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ လာမယ့် ဧပြီ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024