ပဲခူးမြို့ သနပ္ပင်လမ်း ဘေးမှာရှိတဲ့ လိပ်ပြာကန်ရှေ့က စစ်တပ်ပိုင်ကုမ္ပဏီ Mytel ရုံးနဲ့ ရွှေမော်ဓောဘုရား တောင်ဘက်မုဒ်မှာရှိတဲ့ ဆံတော်တွင်းလမ်းထိပ်က Mytel ရုံး ၂ ရုံးမှာ ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ ပါတယ်။
အခုပေါက်ကွဲမှုမှာ အပြင်ကနေ ဆိုင်ကယ်နဲ့ လက်ပစ်ဗုံး ပစ်ထည့်သွားတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်နေပါတယ်။
လတ်တလော ပေါက်ကွဲမှုကြောင့် ဘယ်လိုထိခိုက်မှုရှိတယ် ဘာတွေဖြစ်သွားတယ်ဆို တာတော့မသိရသေးသလို ပြီးခဲ့တဲ့မတ်လ ၃၀ ရက် ကလည်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါသေးတယ်။