CRPH ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ နေအိမ်ကို မီးကွင်းပစ်ခံရ
DVB
·
April 3, 2021
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ နေအိမ်ကို ဧပြီလ ၂ ရက်နေ့ ညပိုင်းက မီးကွင်းအပစ်ခံခဲ့ရပါတယ်။
မီးကွင်းပစ်ခံရလို့ ပြည်သူလူထုက ဗဟန်းရဲစခန်းကို ဖုန်းဆက်တိုင်ကြားတဲ့အခါ ထွက်မကြည့်ရ မီးမငြှိမ်းသတ်ရဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။
ရပ်ကွက်မှာရှိတဲ့ပြည်သူတွေက မီးအမြန်ငြှိမ်းသတ်နိုင်ခဲ့တာကြောင့် အထိအခိုက် ပျက်စီးမှု ရှိခဲ့ဘူးလို့ သိရပါတယ်။