Home
မြန်မာသတင်း
ဂျာမနီက မြန်မာသို့ငွေစက္ကူရိုက်နှိပ်သည့် ကုန်ကြမ်းတင်သွင်းမှုရပ်ဆိုင်းခြင်းအပေါ် CRPH ထောက်ခံကြိုဆို
DVB
·
April 2, 2021
167063349_144316664360980_5740447890572354101_n

ဂျာမနီကုမ္ပဏီက မြန်မာနိုင်ငံသို့ ငွေစက္ကူရိုက်နှိပ်တဲ့ ကုန်ကြမ်းတင်သွင်းမှု ရပ်ဆိုင်းလိုက်တဲ့ အပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့ အခြေစိုက် Giesecke and Devrient ကုမ္ပဏီက မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အစိုးရပုံနှိပ်လုပ်ငန်းနဲ့ ငွေစက္ကူထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ရပ်ဆိုင်းမှုအပေါ်  ထောက်ခံကြိုဆိုကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီး ပွားဆက်သွယ်ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ လက်မှတ်နဲ့အတူ အချက် ၆ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။

မြန်မာကျပ်ငွေ (ငွေစက္ကူ) ရိုက်နှိပ်ထုတ်ဝေရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ၊ စက်ပစ္စည်းတွေ တင်ပို့ရောင်းချတာကို ရပ်ဆိုင်းထားလိုက်ကြောင်း ဂျာမနီကုမ္ပဏီက တ ရားဝင်ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် အသိအမှတ်ပြု ထောက်ခံကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေ၊ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေမှုတွေအပေါ် ခိုင်မာပြတ်သားစွာ ဆန့်ကျင်ရပ်တည်ကာ အရေးယူဆောင်ရွက်ခဲ့တဲ့အတွက်လည်း အထူးချီးကျူးလိုကြောင်း ဖော်ပြထားတာပါ။

မြန်မာပြည်သူလူထု အနေနဲ့လည်း ရဲဝံ့မှန်ကန်တဲ့ ခုလိုဆုံးဖြတ်ချက်အပေါ် အလေးအနက် ကျေးဇူးတင် ဝမ်းမြောက်ကြောင်းနဲ့ အဲဒီလို တုံ့ပြန်အရေးယူ ဆောင်ရွက်မှုဟာ တရားမဝင် အာဏာသိမ်းစစ်အုပ်စု ကျဆုံးရေးအတွက် ထိရောက်တဲ့ ခြေလှမ်းဖြစ်တဲ့အပြင် ကြီးမားတဲ့ ထိုးနှက်ချက်တရပ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ခုလိုအရေးယူဆောင်ရွက်မှုကနေ အစပြုကာ တခြားသော ကုမ္ပဏီတွေကလည်း ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်တွေနဲ့  မြန်မာပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရေး၊ အခြေခံ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိ ရေးတိုက်ပွဲကို အထောက်အပံ့ကောင်းတွေ ဆောင်ကျဉ်းလာမယ်လို့လည်း အပြည့်အဝ ယုံကြည်ကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တရားဝင်အရပ်သား အစိုးရအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို မကြာခင် ပြန်လည်စတင်နိုင်မယ်လို့လည်း ယုံကြည်မျှော်လင့်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဗဟိုဘဏ်ရဲ့ တင်ပြချက်အ ပေါ်မူတည်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ တပ်မတော် ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတဲ့ ဝါဇီစက်ရုံကနေ ရိုက်နှိပ်ထုတ်ဝေတာ ဖြစ်ပါတယ်။

ဝါဇီလုံခြုံရေးနဲ့ဆိုင်သော ပုံနှိပ်ပစ္စည်းများစက်ရုံကတော့ မကွေးတိုင်း ချောက်မြို့ နယ်ထဲမှာ တည်ရှိပြီး ပြည်တွင်းသုံး ငွေစက္ကူတွေ၊ စာပို့စာချုပ်တံဆိပ်ခေါင်းတွေ၊ အောင် ဘာလေ ထီလက်မှတ်စတာတွေကို  ရိုက်နှိပ်ရာ တခုတည်းသော စက်ရုံဖြစ်ကာ အရာ တော် ရေနံမြေက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းမှု ၂ လအကြာ မြန်မာနိုင်ငံမှာ ကုန်သွယ် ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတာတွေ၊ ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားရပြီး အင်တာနက်လိုင်း တွေပါ ပိတ်ထားတဲ့အတွက် ငွေပေးငွေယူလုပ်ငန်းတွေ၊ အွန်လိုင်းအရောင်းအဝယ်နဲ့ ငွေ ကြေးစီးဆင်းမှုတွေ ထိခိုက်လာတဲ့အပြင် အများပြည်သူတွေကြား လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးထုတ်ယူရရှိနိုင်ဖို့ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024