Home
မြန်မာသတင်း
မန္တလေးတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာရ
DVB
·
April 1, 2021
167448346_1349324518786698_476049323565753073_n
167396768_1349324395453377_3075730907635942967_n
168241251_1349324425453374_537521358620079409_n
167685129_1349324422120041_7230609515279698889_n
167572683_1349324375453379_5151059180129908347_n

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ စိန်ပန်းလမ်းဘက်မှာ ဧပြီလ ၁ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်လောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာကြောင့်  ပြည်သူ ၂ ဦးကျဆုံးပြီး   ၈ ဦး ဒဏ်ရာရခဲ့ကြပါတယ်။

ပြည်သူတွေ လုပ်ထားတဲ့ အတားအဆီးတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ က လာရောက်ဖယ်ရှားခဲ့တာဖြစ်ပြီး အဲ့ဒီလို ဖယ်ရှားတဲ့အခါမှာ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ကာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ တစ်ဦးဟာ ၄၁ လမ်းပေါ်မှာ ဦးခေါင်း ကျည်မှန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သယ်သွားတာလို့ ပတ်ဝန်းကျင်ရှိ ဒေသခံတွေက ပြောပါတယ်။

နောက်တစ်ဦးမှာ အသက် ၁၈ နှစ်အရွယ် ကိုဇော်ကိုလတ် ဖြစ်ပြီး ၃၈ လမ်း နဲ့ ကမ်းနားလမ်းအနီးမှာ ဗိုက်ကို ကျည်မှန်သေဆုံးခဲ့ပါတယ်။ သေဆုံးသူကို ဧပြီလ ၂ ရက်နေ့ နေ့ခင်း ၁၁ နာရီမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ပြီး အတားအဆီးတွေကို မြို့အနှံ့မှာ လုပ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024