ကချင်ပြည်နယ် ဗန်းမော်မှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း မောင်မျိုးသန့်ကျော်ရဲ့ ဈာပနကို ဒီကနေ့ ဧပြီ ၁ ရက် နေ့လည်ပိုင်းက ကြက်ပေါင်ခြံသုသာန်မှာ ကျင်းပရာမှာ ပြည်သူလူထုထောင်ပေါင်းများစွ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
မောင်မျိုးသန့်ကျော်ဟာ မတ်လ၂၇ရက်က စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်ရင်း မြို့မရပ်ဘက်မှာ ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် ဆီးခုံကို ရာဘာကျည်နဲ့ ခဲဘောစေ့ပါ ထိမှန်ဒဏ်ရာရရှိပြီး မတ်လ ၃၁ရက်နေ့က ကျဆုံးခဲ့ရတာပါ။
ဒီကနေ့ ဈာပနမှာ တက်ရောက်လာသူတွေက ကတိသစ္စာပြုကြတာ၊ အမိန့်ပြန်တမ်းတွေ ပြန်ကြားတာ၊ အလေးပြုတာနဲ့ စစ်အာဏာရှင်တော်လှန်ရေးသံချပ်တွေ ဟစ်ကြွေးခဲ့ကြပါတယ်။
ဗန်းမော်မြို့မှာ မတ်လ ၂၇ ရက်နေ့က ပလောင်အမျိုးသမီး မရွှေမြင့်လည်းကျဆုံးခဲ့ရကာ စုစုပေါင်း သေဆုံးသူ ၂ ဦးရှိပြီး ဖမ်းဆီးခံရသူတွေနဲ့ တရားစွဲဆိုခံထားရသူတွေလည်းရှိပါတယ်။