မိုးကုတ်မြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ပြည်သူများငြိမ်းချမ်းစွာဆန္ဒပြ
DVB
·
April 1, 2021
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီလ ၁ ရက်နေ့က ရပ်ကွက်အလိုက်ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီးလှည့်လည်ဆန္ဒပြနေကြပါတယ်။
တချို့ရပ်ကွက်တွေမှာတော့ ထိုင်သပိတ်တွေကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသလို ညသပိတ်တွေတွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် ဆုတောင်းပွဲတွေကိုလည်း ရပ်ကွက်အလိုက် ပြုလုပ်နေကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် မိုးကုတ်မြို့မှာ သေဆုံးခဲ့ရသူ စုစုပေါင်း ၁၁ ဦး ရှိပြီး ဒဏ်ရာရရှိသူက အရှေ့ပိုင်း ၁၀ ဦး အနောက်ပိုင်း ၃၅ ဦး စုစုပေါင်း ၄၅ ဦးရှိတယ်လို့သိရပါတယ်။