ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုမြို့မှာ မတ် ၃၁ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်သေဆုံးတဲ့ ရပ်ကွက်နေပြည်သူတွေဟာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၇ ရက် မနက် ၉ နာရီလောက်ကလည်း လမ်းလျှောက်ဆန္ဒပြတဲ့ ပြည်သူတွေကို ဖဒိုရဲစခန်းအတွင်းကနေ သေနတ်နဲ့လှမ်းပစ်လို့ ဆန္ဒပြအမျိုးသားတစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိသလို ဒဏ်ရာရသူတွေကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မတ် ၃၁ ရက်နေ့မှာ ဓားထိုးခံရတဲ့ ရဲနဲ့ ဒလံလို့ ယူဆရသူ ၁ ဦး အခင်းဖြစ်ရပ်ကွက်အတွင်း လာရောက်စဉ် လူအုပ်စုတစုနဲ့ ခိုက်ရန်ဖြစ်ပြီး သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
မတ်လ ၂၇ က ဆန္ဒပြသူတွေကို ဖဒိုရဲစခန်းအတွင်းက သေနတ်နဲ့ လှမ်းပစ်တာကြောင့် ဦးရေဂင် (ခ) စောအယ်မူးပွဲ အသက် (၅၂နှစ်) နေရာမှာတင် ကျဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦး လောက် ရှိခဲ့တယ်လို့ သိရပါတယ်။