မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ နေရာအနှံ့ ရှိနေပေမယ့် မတ်လ ၃၁ ရက်နေ့က အာဏာရှင်ပြုတ်ကျရေးအတွက် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ ဘယ်လောက်အတားအဆီးတွေရှိရှိ နေ့စဉ် စစ်ကြောင်းချီတက်လေ့ရှိပြီး ဒီကနေ့ဆိုရင် ၅၁ ရက်မြောက်ရှိပြီဖြစ်ပါတယ်။
သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာ ကျောင်းတိုက်ပေါင်းစုံက ဆရာတော် သံဃာတော်တွေ အပြင် လူငယ်တွေပါ ပူးပေါင်းပါဝင်ကြပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။