ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ (ရွာသစ်ပိုင်း)မှာ အကြမ်းဖက်စစ်အုပ်စုက မတ်လ ၃၀ ဒီနေ့ မနက် ၁၀ နာရီလောက်စတင်ပြီး သေနတ်ကျည်အစစ်တွေနဲ့ ပစ်ခတ်တဲ့အတွက် လူနေအိမ်တွေကို ကျည်ဆန်ထိမှန်ပြီး ပျက်ဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အချက်ပေါင်းများစွာ ပစ်နေပါတယ်။ အိမ်တချို့လည်း ပြောင်းပြေးနေရပါတယ်။ ရပ်ကွက် အဝင်အထွက်ပေါက်တွေ အကုန်ပိတ်ထားပါတယ်။ စစ်သားအင်အား များပါတယ်။ ကင်းပုံးတွေလည်း ချထားပါတယ်”လို့ ပြောပါတယ်။
ရပ်ကွက်ထဲက အိမ်တွေထဲဝင်ပြီး ဖမ်းဆီးတာတွေရှိနေပြီး အဖမ်းခံရသူတချို့လည်း ရှိပါတယ်။
မတ်လ ၂၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ရပ်ကွက်တွေထဲ အထိဝင်ပစ်ခတ်လို့ ဘုရားစေတီတွေ ကျည်သင့်ခဲ့သလို ပြည်သူ ၂ ယောက်သေဆုံးခဲ့ပါတယ်။