လုံခြုံရေးတွေ ပိုမိုတင်းကြပ်လာတဲ့ မော်လမြိုင်မှာတော့ မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို လူငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မြို့ပေါ် ရပ်ကွက်အများစုမှာ ပိတ်ဆို့စစ်ဆေးတာ ဆက်တိုက် လုပ်ဆောင်လာတဲ့အတွက်ကြောင့် ပြေက်ကျားစနစ်နဲ့ တော်လှန်ခဲ့ရတာဖြစ်ပါတယ်။
မော်လမြိုင်မှာတော့ မတ်လ ၂၉ ရက်နေ့ ညပိုင်းမှာ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပေါ်ပြီးနောက် အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတာပါ။
မော်လမြိုင်မှာတော့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် သေဆုံးသူ ၆ ဦးထိ ရှိလာခဲ့ပါတယ်။