ကွမ်းခြံကုန်းမြို့နယ်ကပြည်သူများ မြစ်အတွင်းလှေများဖြင့် စစ်အာဏာရှင်ကိုဆန္ဒပြ
DVB
·
March 29, 2021
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် အောက်ဆိပ်၊ ချောင်းဝ၊ ဆားကျင်းမြစ်နဲ့ ပင်လယ်ထဲပါမကျန် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံပြည်သူရာနဲ့ချီပြီး မတ်လ ၂၉ ရက်နေ့က လှေတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
မတ်လ ၂၉ ရက်က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်လို့ ပြည်သူ ၂ ယောက် ခြေထောက်နဲ့ ပခုံးတွေမှာ ကျည်ထိမှန်ခဲ့ပြီး ပြည်သူတစ်ယောက် ဖမ်းဆီးခံရပါတယ်။