မတ် ၂၈ ရက်က စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ရန်ကုန်မြို့က ဧရာဝတီဘဏ်ဝန်ထမ်းမိန်းကလေးတယောက် ကျဆုံးသွားခဲ့တယ်လို့ သိရပါ တယ်။
ကျဆုံးခဲ့ရသူ မခိုင်ဇာသွယ်ဟာ ရန်ကုန်မြို့၊ AYA Bank ရန်ကုန်ဘဏ်ခွဲ - ၁၀၆ မှ ဝန်ထမ်းတယောက်ဖြစ်တယ်လို့ MBU | Myanmar Bankers Union က ထုတ်ပြန်ထားခဲ့ တာကို တွေ့ရပါတယ်။
မခိုင်ဇာသွယ် ကွယ်လွန် ကျဆုံးခဲ့ရတဲ့အတွက် အထူးဝမ်းနည်းကြေကွဲရကြောင်းနဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသွားသည်အထိ မရ-ရတဲ့ နည်းလမ်းတွေကို စွဲကိုင်ကာ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း မခိုင်ဇာသွယ်နဲ့ ကျဆုံးသွားခဲ့ရတဲ့ သူရဲ ကောင်းတွေအတွက် ကတိပေးအပ်ကြောင်းလည်း ဖော်ပြထားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။
တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။
နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ် ပြန်ချက်အရ စစ်အာဏာရှင်ဆန့်ကျင် မြန်မာ့နွေဦးတော်လှန်ရေးမှာ မတ် ၂၈ ရက်နေ့အ ထိ ကျဆုံးသူပေါင်း ၄၅၉ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။