ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၅၅ ၊ ၅၆/ (၁၈) ရပ်ကွက်တို့မှာ မတ်လ ၂၈ ရက်ညက မီးအမှောင်ချပြီး ည ၈ နာရီဝန်းကျင်လောက်ကစလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းမှာရှိနေတဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး နားရွက်ကိုကျည်ဆန်မှန်ပြီး နားရွက်ပြတ်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားတစ်ဦးလည်း ပုခုံးကိုကျည်ထိမှန်ခဲ့ပြီး မနေ့က ၁၁ နာရီကျော်လောက်အထိ ပစ်ခပ်မှုတွေမရပ်သေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ မနက်ပိုင်းမှာလည်း တောင်ဒဂုံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူ ၃ ဦးကျဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။