Home
မြန်မာသတင်း
ကေအန်ယူနယ်မြေအတွင်း အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး
DVB
·
March 28, 2021
165059142_2536076443354810_8478037128901609668_n copy

ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ(၅)ထိမ်းချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီခွဲအချိန်လောက်က ကရင်ပြည်နယ် ဖာပွန်ခရိုင် ထီးချို့နီရွာအတွင်းကို ဗုံးသီးအလုံးပေါင်းများစွာ ပစ်ချခဲ့တာကြောင့် ရွာသားတွေ ရှောင်ချိန်မရတဲ့အတွက် အိမ်မီးလောင်ပြီး ရုပ်လောင်းပါ မီးထဲပါသွားကြသူလည်း ရှိပါတယ်။

အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်နဲ့ အခုလိုလာရောက်ပစ်တာဟာ KNU/KNLA တပ်မဟာ (၅)က စစ်ကောင်စီတပ်စခန်းတစ်ခုကို တက်သိမ်းခဲ့တာကြောင့် ပြန်လည်တိုက်ခိုက်တာလို့  တပ်မဟာ ၅ ဗျူမှူးက သုံးသပ်ပါတယ်။ 

အခုလို ရွာတွင်း ပြည်သူအား လာရောက်ပစ်ခတ်တာကို လက်မခံကြောင်း၊ ငြိမ်းချမ်းရေး မလိုလားဘူးဆိုပါက စခန်းတက်သိမ်းတဲ့ KNLA ကိုသာ ထိထိမိမိ လာရောက်ပစ်ခတ်ဖို့နဲ့  မသိနားမလည် ရွာသားတွေကိုတော့ ဓားစားခံမဖြစ်စေချင်ဘူးလို့ တပ်မဟာ(၅)တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်း စစ်ကောင်စီက မတရားအာဏာသိမ်းနောက်ပိုင်း ကရင်ပြည်နယ် တပ်မဟာထိမ်းချုပ်နယ်မြေအတွင်း KNLA တပ်စခန်းဖြစ်တဲ့ ကုက္ကိုလ်ပင်စခန်းနဲ့ ဝါးပိုးတောစခန်းကို သိမ်းဆည်းထားတာပါ။

မတ်လ  ၂၇ ရက်နေ့ မနက်ပိုင်းမှာတော့ KNLA တပ်မဟာ (၅) က သီးမှူးထပ်(စစ်ကောင်စီ) စခန်းကို တိုက်ခိုက်ပြီး အပြီးပိုင်သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024