မတ္တရာဆန္ဒပြသပိတ် ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ၂ ဦးကျဆုံး၊ ၁၆ ဦးဒဏ်ရာရ
DVB
·
March 27, 2021
မန္တလေးတိုင်း၊ မတ္တရာမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မတ္တရာမြို့ အထက ၁ ကျောင်းရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို မွန်းတည့် ၁၂ :၁၅ မိနစ်လောက် ဖြိုခွင်းခဲ့တာလို့ သိရပါတယ်။
ကျဆုံးသူ တစ်ဦးဟာ ကံဖြူရွာက အသက် ၃၀ အရွယ် ကိုမျိုးနိုင်ဝင်း(ခ)ကြက်မျိုး ဖြစ်ပြီး အခြားတစ်ဦးကိုတော့ မသိရသေးပါဘူး။
အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၁၆ ဦးရှိပြီး ၁ ဦး စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ