စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ရဲ့ ပူးပေါင်းသပိတ်ကို မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့က ဆက်လက်ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပစ်ခတ်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြပြည်သူတွေကပြောပါတယ်။
ပူးပေါင်းသပိတ်ဟာ မုံရွာ-ပုသိမ်လမ်းဆုံ ရွှေတောင်ဦးအနီးမှာ ထိုင်သပိတ်ပြုလုပ်အပြီး ပြန်လည်ဆုတ်ခွာချိန်မှာ စစ်တပ်နဲ့ရဲက ရောက်လာကာ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေကိုတော့ သပိတ်မှာဝန်းရံတဲ့ပြည်သူတွေက တစ်ခြားနေရာမှာဆေးကုမှုသမှုပေးနေပါတယ်။
ဒီကနေ့ဆန္ဒပြပွဲမှာ ဒေသတွင်း ကျေးရွာပေါင်းစုံ စုပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး လူအင်အား သောင်းဝန်းကျင်ထိရှိတယ်လို့ သိရပါတယ်။