ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ညသပိတ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ပြင်းထန်ဒဏ်ရာရခဲ့သူ မောင်ရှိန်းနောင်နောင် (၁၉ နှစ်) ဟာ မတ်လ ၂၃ ရက်နေ့က ကျဆုံးသွားပါတယ်။
သူဟာ ကျောရိုးကျည်ထိဒဏ်ရာကြောင့် ခြေထောက်အောက်ပိုင်းမလှုပ်နိုင်ဘဲ အာရုံကြော တချို့ သေသွားခဲ့ပါတယ်။
ခွဲစိတ်ဖို့ စံပြဆေးရုံမှာတင်ထားပြီး စံပြဆေးရုံကနေ အရိုးဆေးရုံကို လွှဲတဲ့အခါမှာ နောက်ကျ သွားတဲ့အတွက် ခဲဆိပ်တက်ပြီး တစ်ပတ်အကြာမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ယုဇနဥယျာဉ်မြို့တော်မှာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသူ ၄ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။