ဧရာဝတီတိုင်း မြန်အောင်မြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုဟာ စစ်ကောင်စီလက်အောက်မှာ ပြန်တာဝန်ထမ်းဆောင်နေတာတွေ့ကြောင့်ဒေသခံတွေ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
အခုလိုတာဝန်ထမ်းဆောင်နေတာမို့ သူတို့တွေအနေနဲ့ ပြည်သူလူထုအပေါ်ကိုဖိ နှိပ်မှာကို စိုးရိမ်နေ ကြတာလို့ မြန်အောင်ဒေသခံတစ်ဦးကပြောပါတယ်။
"ခုရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဖြစ်လာကြတာပါ။ ခုသူတို့ကစစ်ကောင်စီမှာ ပြန်လည်တာဝန်ထမ်းဆောင်ပြီး ဒီမိုကရေစီလှုပ်ရှားမူတွေကို သတင်းပေးတာ ဖိအားပေးတာ တွေလုပ်လာနိုင်တယ်”။
မြန်အောင်မြို့နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီး ဒီနေ့အထိ ၁၇ ဦး ဖမ်းဆီးခံထား ရပါတယ်။