Home
မြန်မာသတင်း
သီပေါမြို့နယ် နားမခေါ်ရွာထဲ လက်နက်ကြီးကျည်ကျ၊ ရွာသားများထွက်ပြေး
DVB
·
March 24, 2021
162521840_2795285144069427_5734261427552513743_n
162117561_2795464114051530_3931391474942757575_n
161756648_2795285164069425_2684707616989100501_n

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နားမခေါ်ကျေးရွာမှာ ဒီနေ့မနက်စောစောက ပစ်ခတ်သံတွေ ကြားရပြီး လူအိမ် ၂ လုံးပေါ်ကို  လက်နက်ကြီး ကျည်ကျလာတဲ့အတွက် ရွာသားတွေ  အထိတ်တလန့် ထွက်ပြေးခဲ့ရပါတယ်။

နားမခေါ်ရွာသား ၁ ဦးက “   ကနေ့မနက် ၅ နာရီခွဲလောက်ပေါ့ ၊ တချို့က အိပ်လို့ကောင်းတုန်း ကျနော်တို့အိမ်ကတော့ ခြံသွားဖို့ ထမင်းထချက်နေတုန်း သေနတ်ပစ်သံတွေ ဒုန်းဒုန်းဒိုင်းဒိုင်းကြားတယ်။ အဲဒါနဲ့ အလုပ်တွေပစ်ပြီး ဘုန်းကြီးကျောင်းကို ပြေးကြတာ၊ နားမခေါ်ရွာဘုန်းကြီးကျောင်းမှာပါပဲ၊ အသံ တွေက ၆ နာရီခွဲလောက် ငြိမ်သွားတယ်။ လက်နက်ကြီးကျည်က ရပ်ကွက် ၆ ထဲက အိုက်လိတ်ရဲ့ နေအိမ်ကိုထိမှန်တယ်၊ သူ့ဆိုင်ကယ်ကိုလည်းထိတယ်။ ပြီးတော့ ရပ်ကွက် ၅ ထဲက ဦး အာရိယတို့အိမ်လည်းထိတယ်၊ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူး”။

ပစ်ခတ်သံတွေ ငြိမ်သွားတော့ ရွာသားတွေဟာ အသီးသီးအိမ်ပြန်လာကြောင်း၊ လက်နက်ထိလို့ ပျက်စီးသွားတဲ့ နေအိမ်နဲ့ဆိုင်ကယ်ရဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

ရွာထဲကျလာတဲ့ လက်နက်ကျည်တွေဟာ ဘယ်ဘက်ကပစ်သလဲဆိုတာ မသိရပေမယ့် မနေ့တနေ့က အဲဒီဒေသထဲမှာ  ရှမ်းပြည်တပ်မတော် RCSS နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် SSPP တို့ အခြေအနေတင်းမာမှုတွေရှိခဲ့တယ်လို့ ရွာသား တစ်ဦးက ပြောပါတယ်။  ဖုံးလိုင်းအဆက်အသွယ်ပြတ်နေလို့ တိုက်ပွဲအခြေအ‌ေနေ အသေးစိတ်မသိရကြောင်းနဲ့  ကျောက်မဲမြို့နယ် ဘက်မှာလည်း TNLA နဲ့ RCSS အကြား ထိတွေ့ပစ်ခတ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ 

သီပေါမြို့နယ်ထဲမှာ မနေ့ကလည်း တာပုလဲနဲ့ ဆွပ်လုံကျေးရွာ ဘက်မှာ တိုက်ပွဲဖြစ်လို့ ရွာသား ၁၀၀ လောက် သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်မှာ ထွက်ပြေးတိမ်းရှောင်လာရ ပါတယ်။ 

ဒါ့အပြင် ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု ပန်မတ်မီးကျေးရွာထဲမှာလည်း မနေ့ မနက်က ရွာထဲလက်နက်ကြီးကျည်ကျပြီး  အမျိုးသား  ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ  အမျိုးသမီး ၁ ဦး ဒဏ်ရာရ သွားတယ်လို့ ကျောက်မဲလူမှုကူညီရေးက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024