Home
မြန်မာသတင်း
မြောက်ဥက္ကလာသပိတ်၌ ကျည်ထိမှန်သေဆုံးသွားပြီဟုထင်မှတ်ခဲ့သည့် လူငယ် ၁ ဦး အသက်ရှင်လျက် အိမ်ပြန်ရောက်
DVB
·
March 24, 2021
163146088_1857199021122650_5442983824002390592_n

ရန်ကုန်မြို့ မြောက်ဉက္ကလာပမြို့နယ် အရေးအခင်းမှာ မတ်လ ၃ ရက်နေ့က  စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကျည်ဆန်မှန် ဒဏ်ရာနဲ့ သေဆုံးသွားကြောင်း ကြေညာခံရသူ မောင် Mang Suan Khai ဟာ  ဒီနေ့ မတ်လ ၂၄ မနက် ၁၁ နာရီဝန်းကျင်လောက်မှာ အိမ်ပြန်ရောက်လာကြောင်း ဇိုမီးလူငယ်အဖွဲ့ရဲ့  ပြောပြချက်အရ သိရပါတယ်။

မောင် Mang Suan Khai ဟာ ပေါင်မှာ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ထောင်ဆေးရုံ စစ်ဆေးရုံမှာ  ဆေးကုသမှုခံယူခဲ့ရကာ ဒီကနေ့မနက် ထောင်ကနေလွတ်မြောက်ပြီး သူ့ရဲ့ နေအိမ်ကို ပြန်ရောက်လာတာလို့ သိရပါတယ်။ 

မောင် Mang Suan Khai ကို ကွယ်လွန်သွားပြီထင်မှတ်ပြီး  မတ်လ ၇ ရက်နေ့မှာ မိသားစုက အလောင်းမပါဘဲ   ခရစ်ယာန် ထုံးတမ်းစဉ်လာနဲ့ ဆုတောင်း သင်္ဂြိုဟ်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024