Home
မြန်မာသတင်း
မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ မြို့တို့တွင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ဆန္ဒပြ
DVB
·
March 23, 2021
164578407_394486574932675_3258155731660221357_n
164245756_394486538266012_5886580206162452469_n
164224747_394486774932655_8747949005990509423_n
164169909_394486808265985_5644564016189071432_n
164063240_394486708265995_8827288977371575733_n
164000488_394487058265960_7252526293746306225_n
163996424_394486974932635_4025384489169615564_n
163777110_394486854932647_1821063015103052560_n
163639011_394486891599310_3780033043343828437_n
163635470_394487011599298_5042185282888518230_n

မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ မြို့တို့မှာ မတ်လ ၂၂၊ ၂၃ ရက်နေ့တွေမှာ ပုံစံအမျိုးမျိုးနဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက် ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။

မူဆယ်ဆယ်မှာတော့ ပိုစတာကမ်ပိန်း၊ လှည့်သပိတ်နဲ့ စတစ်ကာ ကမ်ပိန်းတွေကို ပြောက်ကျား စနစ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမှာလည်း ဆိုင်ကယ် အင်အား ၁၅၀ ဝန်းကျင်နဲံ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ လိုက်လံဖြိုခွင်းမှုကို ထိပ်တိုက် မတွေ့အောင် ရှောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒ ပြခဲ့ကြတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။

လားရှိုးမြို့မှာလည်း လူမဲ့သပိတ်ကို ပြောက်ကျားစနစ်နဲံပြုလုပ်ပြီး ည ၈ နာရီ သံပုံးတီးတာကိုလည်း ညစဥ်မပြတ် ပြုလုပ်ကာ အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒဖော်ထုတ်နေကြပါတယ်။

သီပေါမြို့မှာလည်း အရုဏ်ဦးသပိတ်၊ ဆိုင်ကယ် သပိတ်၊ လူမဲ့သပိတ်၊ ရေနစ် သပိတ်၊ ည သပိတ်၊ ဝိညာဥ် သပိတ်တွေကို ပြောက်ကျားစနစ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အရှိန်မပြတ် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတယ်လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လူစုဝေး ဆန္ဒမပြဖို့နဲ့ လူစုဆန္ဒပြပါက အင်အားသုံး  ဖြိုခွင်းသွားမှာ ဖြစ်ကြောင်း သတိပေးတာတွေရှိပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို  လိုက်လံတားဆီးတာ၊ ဖမ်းဆီးတာ၊ ဖုန်းတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024