ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ မိုင်ဂျာရန်မှာ မတ်လ ၂၂ နေ့က စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရတဲ့သူတွေအတွက် ဆုတောင် မေတ္တာပို့သမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် ကျဆုံးခဲ့ရတဲ့ သူတွေ၊ဖမ်းဆီးခံရတဲ့သူတွေနဲ့ မြန်မာပြည်စစ်အာဏာရှင်စနစ်မှ အမြန်ဆုံး လွှတ်မြောက်စေဖို့ မိုင်ဂျာရန်မှာရှိတဲ့ ရှမ်းရွာလူထု၊ ရှမ်းသံယာတော်တွေက ဆုတောင်းမေတ္တာပို့ခဲ့ကြတာပါ။
ဆုတောင် မေတ္တာပို့သမှုကို မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ အစီအစဥ်တွေနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။