Home
မြန်မာသတင်း
စစ်အုပ်စုက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေသော်လည်း ပဲခူးပြည်သူများက စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒပြ
DVB
·
March 22, 2021
164136381_842193413032535_4437546751601984416_n
163983679_842193199699223_5200320626506571807_n
163117756_842193776365832_8349506305598803_n
163071132_842193143032562_8268823291961895865_n

အဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အကြိမ်ကြိမ်ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းနေတဲ့ကြားက ပဲခူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေကို မတ်လ ၂၂ ရက်နေ့ကလည်း ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက လမ်းတွေမှာလည်း တွေ့ရာမြင်ရာကို ပစ်ခတ်နေကြပြီး  ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးစားနေပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ တိုင်းအဆင့်၊ ခရိုင်အဆင့်သာမက အောက်ခြေ ရပ်ကျေးအဆင့်မှာပါ စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်ခွင့်မရရှိသေးသလို နေရာအနှံ့အပြားမှာလည်း စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒဖော်ထုတ်မှုတွေကို ပြည်သူတွေက ပုံသဏ္ဍာန်မျိုးမျိုးနဲ့ နေ့ရောညပါ ပြုလုပ်နေတာ မြင်တွေ့ရပါတယ်။

ဒီကနေ့မနက်မှာလည်း  ပဲခူးမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ကို ထိပ်တိုက်မတွေ့အောင် ရှောင်ရှားပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်စစ်ကြောင်းကို အလွှာအသီးသီးက ပြည်သူတွေပါဝင်မှုနဲ့ အောင်အောင်မြင်မြင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024