ဝမ်းတွင်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုကို ရှောင်ကွင်းပြီး ဆက်လက်ဆန္ဒပြ
DVB
·
March 21, 2021
မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ မတ်လ ၂၁ ရက်က အင်အား ၁၅၀၀ ခန့်နဲ့ စစ်အာဏာရှင်ကျဆုံးရေး အကြမ်းဖက် ရဲနဲ့စစ်တပ်ကို ရှောင်ကွင်းပြီး ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတစ်ဦးက "မကျေနပ်တာကို မကျေနပ်ဘူး၊ အလိုမရှိတာကို အလိုမရှိဘူးဆိုတာ ဆန္ဒထုတ်ဖော်ပြသရတာ လူအခွင့်အရေးပါ။ စစ်အာဏာရှင်အလိုမရှိဘူး၊ ပြည်သူ့အာဏာ ပြည်သူဆီပြန်ရဖို့ နေ့တိုင်း ဆန္ဒထုတ်ဖော်နေတာပါ” လို့ DVBကိုပြောပါတယ်။
ဝမ်းတွင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတာ ၄၂ ရက်ရှိနေပါပြီ။