မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မတ်လ ၁၉ ရက်နေ့ညမှာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ချက်ကြောင့် ဦးခေါင်းကျည်မှန်သေဆုံးခဲ့ရတဲ့ သူရဲကောင်း ကိုနိုင်လင်းအောင်ကို ဗမွန်သုသာန်မှာ ဒီနေ့ သင်္ဂြိုဟ်ခဲ့ပါတယ်။
ကိုနိုင်လင်းအောင်ဟာ မိုးကုတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မတ်လ ၁၉ ရက်ညက ရပ်ကွက်အတွင်း ကင်းလှည့်နေစဥ် အကြမ်းဖက်ရဲနဲ့စစ်တပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရသူဖြစ်ပါတယ်။.
ကျဆုံးတဲ့ရပ်ကွက်မှာ အကြမ်းဖက်ရဲနဲ့စစ်သားက မနက်ပိုင်းမှာ တပ်စွဲထားတာကြောင့် နာရေးကို မြို့သူမြို့သားတွေအနေနဲ့ အကုန်မသွားခဲ့နိုင်ဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။