မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူငယ်တွေ ဦးဆောင်ပြီး မတ်လ ၁၉ ရက် ညနေပိုင်းက ရထားသံလမ်း သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အကြမ်းဖက်နှိပ်စက်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကာအကွယ်ပေးရန်တာဝန်ရှိမှု R2P အရ ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မော်လမြိုင်မှာတော့ စစ်အာဏာရှင်ကိုငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်ဆောင်နေပါတယ်။
ဒါကြောင့် အခုနောက်ပိုင်းမှာ မြို့ခံပြည်သူတွေက စစ်အာဏာရှင်ကို ပြောက်ကျား စနစ်နဲ့ တော်လှန်နေသလို ဆိုင်ကယ်သပိတ်နဲ့ ညသပိတ်တွေပါ လုပ်ဆောင်လာခဲ့ပါတယ်။