မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မတ်လ ၁၉ ရက်နေ့က လူမဲ့သပိတ်၊ ထိုင်သပိတ်နဲ့ ရပ်ကွက်အလိုက် လှည့်လည်သပိတ်တွေကို ဒေသခံပြည်သူတွက ရက်ပေါင်း ၄၁ ရက်တိုင် ဆက်လက်ဆန္ဒပြနေကြပါတယ်။
ပင်မသပိတ်တွေကို ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွဲဖမ်းဆီးတာကြောင့် ရပ်ကွက်အလိုက် ဆန္ဒပြနေကြတာပါ။
မိုးကုတ်မြို့သူမြို့သားတွေဟာ တခြားမြို့က ပြည်သူလူထုတွေနဲ့ အတူတူရှိနေကြောင်း သိစေချင်တာကြောင့် နေ့စဉ် လှည့်လည်ဆန္ဒပြနေတာလို့ ဒေသခံတဦးကပြောပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြည်သူအင်အားထောင်နဲ့ချီ ရပ်ကွက်အလိုက် ထိုင်သပိတ်နဲ့ လှည့်လည်ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။