မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ မတ်လ ၁၇ ရက်နေ့က အာဏာသိမ်း စစ်အစိုးရကို ပြောက်ကျားစနစ်နဲ့ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
မော်လမြိုင်မှာတော့ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေထက် ပြောက်ကျားစနစ်နဲ့ ဆန္ဒဖော်ထုတ်မှုတွေ ပိုပြီး လုပ်ဆောင်လာခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုရဲ့ လုံခြုံရေးအဖွဲ့တွေ လာရောက်ရင် အချိန်မီ လူစုခွဲနိုင်အောင် ဆိုင်ကယ်သပိတ်တွေပါ ပြုလုပ်ခဲ့ပါတယ်။
မော်လမြိုင်မှာတော့ အာဏာသိမ်း စစ်အစိုးရဟာ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်လို့ မရအောင် လုံခြုံရေးတွေ ထပ်မံ တိုးမြှင့်တာတွေ လုပ်ဆောင်လာခဲ့သလို ရပ်ကွက်တချို့ကို ဝင်ရောက် စီးနင်း ရှာဖွေတာတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။