အကြမ်းဖက်လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်က မော်လမြိုင် အမှတ် (၁) ဈေးကြီးမှာ ဝင်ရောက်စီးနင်း ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဈေးသူဈေးသားတွေက DVB ကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ဈေးမှာ အလုပ်လုပ်နေတဲ့ လူငယ်တချို့ကို ဖမ်းဆီးဖို့ လာရောက်ခဲ့တာဖြစ်ပြီး လူငယ်တွေ အလုပ်မဆင်းလို့ ဆိုင်ပိုင်ရှင်တချို့ကို အဲဒီလူငယ်တွေရဲ့ နေအိမ် လိုက်ပြပေးဖို့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဈေးထဲမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို ဘာကြောင့်ဖမ်းဆီးဖို့ ရောက်လာလဲဆိုတာကို DVB က ဆက်လက်စုံစမ်းနေပါတယ်။
မော်လမြိုင်မှာတော့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မြို့ပေါ်ရပ်ကွက်တချို့ကို ဝင်ရောက်စီးနင်း ရှာဖွေတာတွေ လုပ်ဆောင်လာသလို ညပိုင်းတွေမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။