မန်းလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မတ်လ ၁၃ရက်နေ့ မနက်ပိုင်းက ရဲနဲ့စစ်သားတွေဟာ ဆိုင်ကယ်နဲ့မြို့ပတ်ပြီး သပိတ်စစ်ကြောင်းတွေကို လိုက်လံဖြိုခွင်းပြီး နေအိမ်တွေထဲထိ ဝင်ရောက်ကာ လူ ငါးဦး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမယ် ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး မျက်ရည်ယိုဗုံးတွေ၊ အသံဖုံးတွေ၊ ရာဘာကျည်တွေနဲ့ ရက်ကွက်ထဲအထိ လိုက်လံပစ်ခတ်နေတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ ဆန္ဒပြသူတွေဟာ ရပ်ကွက်အလိုက်လမ်းတွေမှာ ဆန္ဒပြကြပြီး လမ်းတွေကို ပိတ်ပင်တားဆီးထားပေမယ့် ရဲနဲ့စစ်သားတွေက ဖယ်ပြီးဝင်လာတယ်လို့ သိရပါတယ်။